မဂ်လာဦးက ရခဲ့တဲ့သင်ခန်းစာ

2020-10-26 01:34:16

မဂ်လာဦးက ရခဲ့တဲ့သင်ခန်းစာ

မဂ်လာဦးက ရခဲ့တဲ့သင်ခန်းစာ


မဂ်လာဆောင်ပြီးတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ အိမ်ခွဲနေပြီး သူ့အိုးသူ့အိမ်နဲ့ နှစ်ဖက်မိဘအိမ်ကနေခွဲနေလိုက်ကြပါတယ်။


တစ်နေ့မှာ ယောက်ကျားဖြစ်သူရဲ့ မိဘနှစ်ပါးက အိမ်ကိုရောက်လာကြပါတယ် ဒီလိုနဲ့လင်မယားနှစ်ယောက်က တံခါးဖွင့်ပေးဖို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း မဖွင့်ပေးပဲ ဒီအတိုင်းထားလိုက် ကြတယ် နောက်တော့ ယောက်ျားလေးဖက်ကမိဘနှစ်ပါးက မဖွင့်ပေးတဲ့အတွက် ပြန်သွားကြပါတယ်။


ဒီလိုနဲ့ရက်အနည်းငယ်ကြာတော့ သူ့တို့အိမ်ကို မိန်းကလေးဖက်က မိဘနှစ်ပါးက ရောက်လာပြန်တယ် ထုံးစံအတိုင်း ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်းကနေ မိန်းမဖြစ်သူက မျက်ရည်ကျပြီး သူ့မိဘတွေကိုဝင်ခွင့်ပေးဖို့ သူ့မရဲ့ခင်ပွန်းတောင်းဆိုလိုက်ပါတယ်။သူမခင်ပွန်းကလည်း ဝင်ခွင့်ပြုပေးလိုက်တယ်။


နောက်ထပ်နှစ်အနည်းငယ်ကြာတော့သူတို့ဇနီးမောင်နှံမှာ ယောက်ျားလေး၂ယောက်နဲ့ နောက်ဆုံးသမီးလေးတစ်ယောက် မွေးဖွားလာပါတယ်။ ဒါနဲ့ သူမရဲ့ခင်ပွန်းကသမီးလေးမွေးတဲ့အထိမ်းအမှတ်နဲ့ သူ့မိတ်ဆွေအပေါင်းအသင်းတွေခေါ်ပြီး ပျော်ပွဲရွှင်ပွဲတွေလုပ်ပေးတယ် ။


ဒါကိုသူမက ဘာလို့အရင်မွေးတဲ့သားတွေတုန်းကတော့မလုပ်ပေးပဲနဲ့ သမီးကျမှဒီလိုပွဲမျိုးလုပ်ရတာလဲပေါ့… ဒါနဲ့သူ့ယောက်ျားကပြန်ပြောတယ် သမီးဆိုတာ ငါတို့ကိုတံခါးဖွင့်ပေးမယ့်သူပဲတဲ့။


ဟုတ်ပါတယ် သမီးဆိုတာ အဆင်မပြေရင်တောင် မိဘအိမ်ကိုဟင်းတစ်ခွက်ရောက်အောင်ပို့တတ်ကြသူ တွေပါ။သမီးဆိုတာ မိဘတွေအတွက်တော့ ထီးတစ်လတ်လိုပါပဲ။


တစ်ကယ်တော့ သားမှသမီးမှမဟုတ်ပါဘူး မိဘအပေါ်သိတတ်တဲ့သူက သိတတ်ကြတာပါပဲ။

ပြန်လည်မျှဝေရေးသားခြင်းဖြစ်ပါတယ်။MayHsu(ရာမညမြေ)


Share